Posts

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

 "  အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင် " +++++++++++++++++++++++++++++++ အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေ ရှိတတ်ကြတယ်။ အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေ ထွက်လာခဲ့တယ်။ ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ တုန်တုန်ရီရီဖြစ်နေတာမြင်တော့ “ ဒီမယ် ဒီမယ် ရွာမှာဘာအရေးကိစ္စများဖြစ်နေတာလဲ” အောင်မြတ်သာစကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက “ ခင်ဗျားတို့က ခရီးသွားတွေထင်တယ်” “ ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ၊ ဘာကိစ္စဖြစ်တာလဲပြောပေးပါဦး။ ကျု...

သရဲပေတိုး

 "  သရဲပေတိုး " (စ/ဆုံး) မူရင်းရေးသူ- - - ဆရာတာတေ +++++++++++ ကျုပ်တို့ရွာက ထနောင်းကုန်းလေ။ အရှေ့မြောက်ဘက်မှာ ငွေသားကုန်း၊ဘန့်ဘွေးကုန်းဝက်စု၊ ငွေတွင်းကုန်းဆိုတဲ့ ရွာရှိတယ် ။ အရှေ့ဘက်မှာတော့ ကျားဟုန်းရွာရှိတယ် ။ အနောက်ဘက်မှာတော့ ရွာသစ်တို့ ဆရာမနိုင်တို့ရှိတယ် ။ ကျုပ်တို့ ထနောင်းကုန်းသူကြီးက လွှတ်စိတ်တိုတဲ့သူကြီးပါ ဗျာ။ ကျုပ်တောင်တခါက ထိပ်တုံးခတ်ခဲ့ရသေးတယ်ဗျ ။ ခိုင်းစရာများရှိရင်တော့လူလွှတ်ပြီး မတွေ့တွေ့အောက်ရှာခိုင်း တက်ပါ့ဗျ ။အခုတလော ကျုပ်ဘယ်မှသိပ်မသွားဖြစ်ဘူး အိမ်မှာ ပဲခြေငြိမ်နေတယ်။ နေကလဲပူပါ့ဗျာ အောက်ပြည်မှာမိုးရွာပေမဲ့ ကျုပ်တို့အညာဘက်ကို မိုးဖွဲလေး တခါနှစ်ခါလောက်ပဲရောက် သေးတယ်ဗျ ။ ကျုပ်လဲထမင်းစားပြီးထဲက ဝိုင်းထဲက မန်းကျည်းပင်ကြီး အောက်ခင်းထားတဲ့သစ်သားကွပ်ပျစ်ပေါ်မှာ ဝါပိုးခြမ်းကလေး ခေါင်းအုန်းပြီး အိပ်နေတာဗျို့ ။ မီးညှိထားတဲ့နဂါးဆေးပေါ့လိတ်ကလေးကို တစ်ဖွာနှစ်ဖွာ ဖွာ လိုက်ချထားလိုက်ပေါ့ဗျာ။ကျုပ်အတွက် စည်းစိမ် ဆိုလို့ဒါလေးပဲ ရှိတာလေ။ "ဟာ - တာတေတို့ကတော့ဇိမ်ရှိပါ့ကွာ ငါ့တို့ဘန့်ဘွေးကုန်းမှာ တော့ ပေတိုး ဒုက္ခပေးလို့ ညဘက်တောင် ကောင်းကောင်း မအိပ်ရဘူးဟေ့...