သူယောင်ဂမုန်း အပိုင်း(၃)ဇာတ်သိမ်း

 * သူယောင်ဂမုန်း *(အပိုင်း-၃-း)

* ဇာတ်သိမ်းပိုင်း *
--------------------
ကျောင်းပြီးတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်
သော်လည်း ကျွန်တော်တို့ သူငယ်ချင်း သုံး
ယောက်စလုံးအလုပ်အကိုင်မရှိကြသေး ၁၀၉
၁၁၀ များသာဖြစ်နေကြသည်။
ယခုလည်းကျွန်တော် သူတို့နှစ်ယောက်နှင့်
shopping ထွက်ပြီး အိမ်ပြန်လာခဲ့ခြင်းဖြစ်
သည်။ အိမ်ပြန်ရောက်တော့ အမေကကျွန်တော့်
ကို မထင်မှတ်ထားသောမေးခွန်းကိုမေး ချေ၏။
"သား----သား တစ်ခုခုလုပ်ထားသလား အမေ့
ကိုအမှန်အတိုင်းပြောစမ်း----"
အမေ ၏ အဆုံး အစ မရှိသောမေးခွန်း
ကြောင့် ကျွန်တော်အူကြောင်ကြောင်ဖြစ်သွား
သည်။ပြီးတော့ ကျွန်တော်အကြည့် ဧည့်ခန်း
ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်နေသော အိမ်ဖော်မိလုံး
ကိုတွေ့လိုက်ရသည်။ မိလုံး၏ ခင်ပွန်းဖြစ်သူ
ကျော်ဦးက သူမ၏ခြေထောက်ကို ဒဏ်ကျေ
ဆေးလိမ်းပေးနေသည်။ မိလုံးကတော့ ရှုံ့မဲ့
ညည်းတွားနေသည်။
ကျွန်တော်ခွန်းတုန့်မပြန်ခင်မှာပင် အမေက
ဆက်၍ ပြောသည်။
"မိလုံးက သားအခန်းထဲကိုဝင်ပြီး လျှော်ရ
မယ့်အဝတ်တွေသွားယူတာ သားရဲ့အခန်းပြူ
တင်း နားမှာ ကောင်မလေးတစ်ယောက်ကိုတွေ့
လိုက်ရတယ်တဲ့ ပြီးတော့ ကြည့်နေရင်းနဲ့မျက်စိ
ရှေ့တင်ပျောက်သွားတယ်တဲ့ ၊ အဲ့ဒါနဲ့ မိလုံး
ကြောက်လန့်ပြီး လှေကားပေါ်က အလျှင်စလို
ဆင်းလိုက်တာ ပြုတ်ကျပါလေရော----"
"ကံကောင်းလို့ ကြီးကြီးမားမားမထိခိုက်တာ
အဲ့ကောင်မလေးကဘာလဲ သားသိနှင့်ပြီးသားမ
ဟုတ်လား---"
"အဲ့ဒါကလေ.....ဟိုလေ..အမေ..သူက"
ကျွန်တော်မပြောရသေးခင် ကျော်ဦးကဝင်
ထောင်ပြန်၏။
"ဟုတ်တယ်အကိုလေး ကျွန်တော်လည်း လ
သာဆောင်မှာ အဲ့သရဲမလေးကို ညညခဏခဏ
တွေ့ နေတာ ဒီရက်ပိုင်းညတွေဆိုပိုတောင်တွေ့
လာရသလိုပဲ....ပြောရင်းတောင်ကြောက်လာပြီ"
"ဟာ....ဟေ့ကောင်သူက သရဲမဟုတ်ပါဘူး
ကြ---"
ကျွန်တော် အမှတ်မထင်ပြောလိုက်မိသော
စကားကြောင့်အမေက ကျွန်တော့်ကိုမျက်မှောင်
ကျုံ့၍ ကြည့်လာချေပြီး-----
"ဒါဆိုသူက ဘာလဲသား...သားတို့လူငယ်တွေ
ကတစ်ခါ တစ်လေ ထူးဆန်းတဲ့ ကိစ္စတွေကိုစူး
စမ်းချင်ကြတာအမေသိတယ်သားပေါက်တက်
ကရ အစီအရင်တွေများလုပ်ထားသလား...."
"အမေ လည်းညတုန်းက သားအခန်းပြတင်း
မှာ အဲ့မိန်းကလေးအရိပ်ကိုတွေ့ လိုက်မိတယ်
ပထမတော့ အမေလည်း အမြင်မှားတာလို့ထင်
မိတာ အခုတော့ ကျော်ဦးတို့ပြောလို့ရှင်းသွားပြီ
ဒီကိစ္စကို သားသိတယ်မဟုတ်လား-----"
ကျွန်တော် ဘာပြန်ပြောရမှန်းမသိ အမှန်အ
တိုင်းပြောရန်သာ စိတ်ကူးမိတော့သည်။
"သူက.....ဂမုန်းပင် တစ်ပင်ပါ အမေ..."
"ဘာ..ဂမုန်းပင်...အမေနားမလည်ဘူးသား.."
"သားလည်း အမှတ်မထင်ရခဲ့တာပါ
သူယောင်ဂမုန်းလို့ခေါ်တဲ့အပင်ပါအမေ သူကလူ
တွေကို ဒုက္ခမပေးပါဘူး..... ဟိုတစ်နေ့က မီးဖို
ခန်းမီးလောင်တာတောင် သူသတိပေးလို့မီးငြှိမ်း
နိုင်ခဲ့တာ....."
အမေကျွန်တော် အမှန်အတိုင်းပြောမပြော
ကို အကဲခတ်နေပုံရသည်။ပြီးတော့မှ---
"သားပြောနေတာတွေအမှန်ဆိုရင်တော့ အဲ့
ဒီ အပင်ကို စွန့်ပစ်လိုက်ပါ သားရယ်..... အဲ့လို
ပစ္စည်းမျိုးတွေက သာမာန်လူနေ အိမ်မျိုးတွေ
မှာ မရှိသင့်ဘူးသား......"
အမေ ပြောလိုက်သောစကားကြောင့် ကျွန်
တော့်စိတ်ထဲ အမျိုးအမည်မသိသော ဝေဒနာ
တစ်ခုကို ခံစားလိုက်ရသည်။
+++++++++++
အိပ်ခန်းထဲရောက်ပြီး ကုတင်ပေါ်မှာ လှဲနေ
ခဲ့သည်မှာ အတော်ပင်ကြာပြီ အိပ်၍ မပျော်နိုင်
သေးပါ။ အမေပြောလိုက်သော စကားကိုပြန်၍
ကြားယောင်နေမိသည်။
"အဲ့လို ပစ္စည်းတွေက သာမာန်လူနေအိမ်မျိုး
တွေမှာ မရှိသင့်ဘူးသား-----"
စာရေး စားပွဲပေါ်တွင်တင်ထားသော ဂမုန်း
ပင်လေးကို ကျွန်တော်ကြည့်နေမိသည်။အတန်
ကြာမှ အိပ်တော့မည်စိတ်ကူးပြီး ဂမုန်းပင်လေး
ကိုကျောခိုင်းလိုက်ပြီး အိပ်ပျော်ရန်ကြိုးစား၏။
ကျွန်တော်အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဖြစ်
လောက်ချိန် ကျမှကျွန်တော့် ပုခုံးကို နူးညံ့သော
လက်အစုံက လာရောက် ထိကိုင်လိုက်သည်ကို
ခံစားလိုက်ရသည်။
နှခေါင်းထဲ၌ လည်းအလွန်ကြိုင်သင်းလှ
သော ပန်းပေါင်းဆီလို ရနံ့မျိုးကိုရှုရှိုက်လိုက်မိ
သည်။
"သခင်.....သခင်...ထပါဦး...အဟင့်...ဟင့်"
မိန်းကလေး ၏ ငိုသံကြောင့် ကျွန်တော်
အိပ်ပျော်မလို ဖြစ်နေရာမှ ပြန်၍နိုးလာခဲ့သည်။
ကျွန်တော်၏ ခုတင်ဘေးတွင် ရပ်လျှက်ရှိ
နေသော ကောင်မလေးတစ်ယောက်---
အစိမ်းကို အနက်ပြောက် ရောသော
ရှေးမြန်မာဆန်ဆန် ဝတ်စုံကို သူမဝတ်ဆင်ထား
သည်။ညအိပ် led မီးသာဖွင့်ထားသည်ကတစ်
ကြောင်း သူမ၏ ဆံပင်ကို မျက်နှာကို တစ်ခြမ်း
အုပ်ထားသည်က တစ်ကြောင်းကြောင့် သူမ၏
မျက်နှာကို ကောင်းစွာမမြင်ရပါ။
သို့သော်လည်းသူမ၏ ဖွေးစိုနုညက်နေ
သောပါးပြင် ဖြူဖြူလေးတစ်ဘက်ကို တစ်စွန်း
တစ်စ မြင်နေရ၏။အသားအရေက နှင်းပွင့်လို
ဖြူဖွေးနူးညံ့နေသည်။သူမ၏ခန္ဓာကိုယ်မှအစိမ်း
ရောင်မီးစုန်းများကပ်ထားသလို တောက်ပနေ
လေသည်။ ကျွန်တော်သူမကို ခဏတာမှင်သက် ငေးမောနေမိသည်။သူမမည်သည့်အကြောင်း ကြောင့်ငိုကြွေးနေပါသနည်း။
"သခင်-----"
"မင်း....မင်းက..သူယောင်ဂမုန်းပင်လား"
"ဟုတ်ပါတယ် သခင်--- "
"နေပါဦး...မင်းကဘာလို့ငိုနေတာလဲ"
"သခင် နောက်တစ်နေ့ကျရင် ကျွန်မကိုစွန့်
ပစ်တော့မယ်လို့တွေးနေပြီ မဟုတ်လား--- "
"ဒါ...ဒါက..ငါလည်းစိတ်မကောင်းပါဘူး
မင်းကို လူတွေက ကြောက်ကြတယ်ကွ ပြီး..
တော့ မင်းကဒီလို သာမာန် လူနေအိမ်မျိုးတွေမှာ
မရှိသင့်ဘူးလေ---"
"ကျွန်မက..စတုမဟာရာဇ် မျိုးနွယ်ဝင်ပါ
သခင်ရယ်...... မကောင်းဆိုးဝါးတစ်ကောင်
မဟုတ်ရပါဘူး...သခင်ကျွန်မကို တကယ်ပဲစွန့်
ပစ်တော့မှာလားဟင်---"
"အဲ့လိုလုပ်တာက မင်းအတွက်ရော ငါ့အ
တွက်ရော အကောင်းဆုံးပါပဲ ကွာ---"
"တကယ်လို့ ကျွန်မက သခင့် ပတ်ဝန်းကျင်
ကလူတွေမမြင်တွေ့ရအောင် သတိထားပြီးနေ
မယ်ဆိုရင်ကော....သခင် ကျွန်မကိုဆက်ပြီး
လက်ခံ ပေးမှာလားဟင်...."
ကျွန်တော် ဖြည်းညှင်းစွာ ခေါင်းခါရမ်းလိုက်
ရင်း....
"မဖြစ်နိုင်ပါဘူးကွာ ငါနဲ့နေရင် မင်းလည်း
လွတ်လပ်မှာမဟုတ်ဘူး...ပြီးတော့ မင်းကနာမ်
ပဲရှိပြီး ရုပ်မရှိတဲ့ လောကသားပါ ငါမင်းကို တစ်
သက်လုံး ခေါ်ထားဖို့ဆိုတာ မသင့်တော်ပါဘူး...
ဘဝ ချင်းလည်း မတူဘူးလေကွာ...."
"အော်....သခင်ရယ်.....အဟင့်...ဟင့်"
သူမ အတန်ကြာအောင်တိတ်ဆိတ် နေပြီး
မှ---
"ကောင်းပါပြီ သခင် ဒီလိုဆိုရင်ဖြင့် ကျွန်မ
ကို...သခင် သွားနေကျဖြစ်တဲ့ မင်္ဂလာ သုခ
ကျောင်းတိုက်ထဲက တတိယမြောက်စေတီလေး
ရဲ့ အနောက်ဘက်မှာ ကျွန်မကို သွားထားပေး
ပါနော် အဲ့ဒီမှာတော့ ကျွန်မယာယီနေခွင့်ရှိတယ်"
"ဒါပေမယ့် သခင် တစ်ခုတော့မှတ်ထားပါ
နော် ကျွန်မတို့ သူယောင်ဂမုန်းတွေက မိုင်ဘယ်
လောက်ဝေးတဲ့ခရီးဖြစ်ဖြစ် တစ်နေရာနဲ့ တစ်နေ
ရာ ခဏချင်းမှာပဲ သွားလာနိုင်တဲ့ အစွမ်းရှိကြ
တယ်-----"
"အဲ့ဒီ့ စေတီလေးရဲ့နောက်ဘက်မှာ ကျွန်မက
ခဏ တာပဲ နေခွင့်ရမှာ....တကယ်လို့ သခင်စိတ်
ပြောင်းပြီး..သုံး လေးရက်အတွင်း ပြန်လာမခေါ်
တော့ဘူးဆိုရင် ကျွန်မလာခဲ့တဲ့ သက်ဆိုင်ရာ
တောအုပ် ကိုပြန်ရတော့ မှာပါ...."
"ဒါကြောင့် သခင်ကျွန်မ ကိုပြန်ခေါ်ချင်ရင်
အချိန်အကြာကြီး ပစ်မထားပါနဲ့မြန်မြန်လာခေါ်
ပါ သတ်မှတ်ချိန်ကျော်ခဲ့လို့ သက်ဆိုင်ရာတော
အုပ် ကိုပြန်ရပြီဆိုရင်တော့ သခင်နဲ့ကျွန်မ ဒီဘဝ
မှာရေစက် ကုန်သွားလိမ့်မယ် ဘယ်တော့မှ ထပ်
တွေ့ကြရတော့မှာမဟုတ်ဘူး---"
သူမ၏ ပုံရိပ် ဝေဝါးပျောက်ကွယ်သွားတော့
ကျွန်တော် စဉ်းစားနေမိသည်။ သူမနှင့်တွေ့ခဲ့
တာ အိပ်မက်လား တကယ်လားလို့ပေါ့---
+++++++++
နောက်နေ့ ရောက်တော့ မင်္ဂလာသုခ ကျောင်း
တိုက်ထဲသို့ ကျွန်တော်သွားခဲ့သည်။ သူမပြော
သည့်အတိုင်း တတိယမြောက်စေတီလေး၏
အနောက်ဘက်သို့သွားကာ သူယောင်ဂမုန်းပင်
လေးကို မြေကျင်းတူး၍ စိုက်လိုက်သည်။
မိန်းမပျို ခန္ဓာကိုယ်နှင့်တူသော အပိုင်းကမြေ
ကြီးအပေါ်ဘက်သို့ သုံးပုံတစ်ပုံခန့်သာပေါ်တော့
သည်။မြေပေါ်တွင်ပေါ်နေသော အစိမ်းပေါ်အ
နက်ပြောက်ရောင်အရွက်များကတော့ သာမာန်
ရွက်လှပင် တစ်မျိုး၏ အရွက်မျိုးနှင့်သာတူ
လေသည်။ရုတ်တရက်ကြည့်လျှင် ဤအပင်
လေးကို သူယောင်ဂမုန်းပင်ဟု မည်သူကမှ ထင်
လိမ့်တော့မည်မဟုတ်ပါ။
ကျွန်တော်ဂမုန်းပင်လးကို ကျောခိုင်း၍ ပြန်
ရန် ပြင်စဉ်မှာပင် မိန်းကလေးတစ်ယောက်၏
ငိုသံ သဲ့သဲ့ကို ဝိုးတဝါးကြားလိုက်ရသည်။
"အဟင့်----- ဟင့်----- သခင်----- "
ကျွန်တော် နောက်ပြန်လှည့်ကြည့်လိုက်တော့
ဂမုန်းပင်လေးမှာ အနည်းငယ်နေရာ ရွေ့လျား
သွားသည်ဟုထင်မိသည်။
+++++++++
ထိုကိစ္စ ဖြစ်ပြီးသုံးရက်မြောက် သောနေ့
ကျွန်တော်လည်း ဂမုန်းပင်လေးကို အနည်းငယ်
မေ့မေ့ပျောက်ပျောက်ရှိလာသည်။
ကျွန်တော်၏ ပြိုင်ကားဖြင့် ကျွန်တော်နှင့်
ရှိုင်းနေတို့ နှစ်ယောက် restuarant တစ်ခုမှ ဘီ
ယာသောက်ကာ ပြန်လာကြခြင်းဖြစ်သည်။
အချိန်က ည ၉ နာရီ ပင်ကျော်နေပြီဖြစ်သည်။
နှစ်ယောက်စလုံး သီချင်းတအေးအေးနှင့် အ
တော်ပင် ရီဝေ နေကြလေသည်။ရှိုင်းနေက---
"ဟေ့ကောင်...ဇာမဏီ မင်းကားမောင်းတာ
ကလည်းကွာ နှေးလိုက်တာ လိပ်က အဘခေါ်ရ
မယ် မြန်မြန်မောင်းစမ်းပါကွ အကုန်ကျော်တက်
ကုန်ပြီ ပြိုင်ကားစီးနေပြီး တခြားကားတွေ
ကျော်တက်ကုန်တာ ဘယ်လောက်အောက်လဲ
စီးရတာအရသာကိုမရှိဘူး...အသားကုန်မောင်း
ကွာ ကြာလို့......"
ရှိုင်းနေက မြှောက်ပေးတော့ ကျွန်တော်က
လည်း ကြာသလားလို့ပေါ့ အစကတည်းကပြိုင်
ကားပြိုင်ပွဲတွေကို crazy ဖြစ်နေတာကြောင့်
မြန်သထက်မြန်အောင်သာ မောင်းတော့သည်။
အန္တရာယ် ရှိလာသည့် အမြန်နှုန်းဖြစ်သော်လည်း
နှစ်ယောက်စလုံး မကြောက်ကြ ဘီယာတန်ခိုး
ကြောင့်ဖြစ်လိမ့်မည်။
သိပ်မကြာလိုက်ခင်အချိန်မှာပဲ လမ်းကွေ့
တစ်ခုမှာ မျက်နှာချင်းဆိုင်မှ ကားတစ်စီးကို
ရုတ်တရက် ရှောင်လိုက်ရသဖြင့် ဟန်ချက်ပျက်
ကာ လမ်းဘေးမှသစ်ပင်ကိုဝင်တိုးမိတော့သည်။
ကျွိ......ဝုန်း....ဒုန်း......
ဖြစ်ချင်တော့ နှစ်ယောက် စလုံးခါးပတ်
ပတ်မထားကြ ရှိုင်းနေတော့ မည်သို့နေသည်မ
သိ ကျွန်တော်ကတော့ ဘာဆိုဘာမှ မသိတော့
အရာအားလုံး မှောင်မည်းသွားသည်။လောက
ကြီးနှင့် အဆက်အသွယ် မရတော့ပါ။
+++++++++
ကျွန်တော် သတိရလာတော့ မျက်စိကို
ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ကျွန်
တော့်နဘေးမှာ အမေရော ရှိုင်းနေ ၊ မေရန်ငြိမ်း
တို့ပါရောက်နေကြသည်။အားလုံးကျွန်တော့်ကို
စိုးရိမ်နေကြသည်။ခေါင်းတစ်ခုလုံး ကတော့
ပတ်တီးတို့ကနေရာယူထားချေ၏။
"ဟာ...ဇာမဏီ သတိရလာပြီ ဟ မျက်လုံး
ပွင့်လာပြီ "
မေရန်ငြိမ်း ၏ အသံကိုကြားရသည်။
ကျွန်တော်က---
"အမေ...သားဘယ်ရောက်နေတာလဲ
ဆေးရုံလား...."
"ဟုတ်တယ်လေသား....ဒါ..မနောဖြူ
ပုဂ္ဂိုလိက ဆေးရုံပဲ...."
ရှိုင်းနေက နဖူးမှာ ပလာစတာ တစ်ခု
ကပ်ထားသော်လည်းကြီးကြီးမားမားထိခိုက်မိပုံ
မပေါ်ပါ။
"ရှိုင်းနေ မင်းရော ဘာဖြစ်သွားသေး
လည်း "
ရှိုင်းနေက ပြုံးလိုက်ပြီး..
" ငါဘာမှ မဖြစ်ဘူး...နည်းနည်းပဲထိတာ
မင်းသာကံကောင်းလို့ မေ့နေတာ တစ်ညလုံးပဲ..
ဆရာဝန်ကြီးကတော့ပြောပါတယ် စိုးရိမ်စရာ
မရှိတော့ပါဘူးတဲ့...."
"အင်း....ဒါဆိုလည်း အိမ်ပြန်မယ်ကွာငါ
ဒီ မှာမနေချင်ဘူး....."
အေမက..
" နေဦးသား ပြန်လို့ရမရ ဆရာ
ဝန်ကြီးကိုအမေ သွားမေးလိုက်ဦးမယ်...."
မေရန်ငြိမ်းနှင့်ရှိုင်းနေလည်း တစ်ယောက်
ကဆေးဝယ်ရန် တစ်ယောက်က စားစရာဝယ်ရန်
ထွက်သွားကြသည်။
ခဏနေတော့ အခန်းထဲကို ဆေးရုံဝန်
ထမ်း ကောင်လေးတစ်ယောက်ဝင်လာပြီး အ
မှိုက်ပုံးကို လာသိမ်းဟန်တူပါသည်။ကျွန်တော့်
ကိုတွေ့သည်နှင့်....
"ဟာ.....ဟိုအကို လေးပါလား..."
"ဘာလဲ ကွ မင်းငါ့ကိုသိလို့လား..."
သူကခေါင်းခါပြလိုက်ပြီး....
"သိတော့မသိပါဘူးဗျာ....ဒါပေမယ့်
အကိုလေးတို့အတွဲက ထူးခြားလို့မှတ်မိနေတာ"
သူ့စကားကို ကျွန်တော်နားမလည်သဖြင့်
"ဘာအတွဲလဲကွ မင်းဘာကိုပြောနေတာလဲ"
"အော်...ဟုတ်တာပေါ့ အကိုလေးကသ
တိမေ့နေတော့ ဘယ်သိပါ့မလဲ...အကိုလေးကို
ဒီဆေးရုံကိုခေါ်လာတာ အစ်ကိုလေးရဲ့ ချစ်သူ
မဟုတ်လား...ဟီး..ကောင်မလေးကတော်တော်
ချောတာ...."
"အာမဟုတ်ဘူးကွ ငါ့မှာချစ်သူမရှိဘူး---"
"ဟင်...ဟုတ်လား...မသိပါဘူးဗျာ ဒါနဲ့ အဲ့
ကောင်မလေးကထူးခြားတယ်နော် အကိုလေး
ခန္ဓာကိုယ်ကြီးကိုပွေ့ထားလိုက်တာများကလေး
လေးတစ်ယောက်ကို ပွေ့ထားသလို ပေါ့ပါ့လေး
လိုပဲ.....တော်တော်အားရှိပုံရတယ်....."
ကျွန်တော်လည်းသိချင်လာသည်နှင့်....
"ဆက်ပြောပါဦးကွ..."
"အစ်ကိုလေးကို သူကိုယ်တိုင်ပွေ့ပြီးဒီကို
ခေါ်လာတာ ကောင်မလေးကချောချောလေး
ရယ် အသားကလည်းဖြူဖွေးလို့ အစိမ်းရောင်
ကို အနက်ပြောက်ဖောက်ထားတဲ့ ဝတ်စုံဝတ်
ထားတယ်..ရေမွှေးလည်းတော်တော်ကြိုက်
တယ် ထင်တယ်ဗျို့ သူ့ခန္ဓာကိုယ်က မွှေးလိုက်
တာဗျာ ဆေးရုံတစ်ခုလုံးတောင်မွှေးကြိုင်နေ
တာပဲ.....မျက်နှာကိုတော့ ဆံပင်တစ်ခြမ်းအုပ်
ထားတယ်....."
"ကျွန်တော့် တသက်အဲ့လောက်လှတဲ့မိန်း
ကလေးမျိုးတစ်ခါမှမတွေ့ဖူးပါဘူးဗျာ---
ကျွန်တော်တို့ဆေးရုံဝန်ထမ်းတွေ အလုပ်မလုပ်
ဘဲ အဲ့ကောင်မလေးကို ဝိုင်းငေးနေကြတာနဲ့
အဆူတောင်ခံရသေးတယ်...."
"အစ်ကိုလေးလည်း သူလာပို့တာမြန်ပေလို့
ပေါ့မဟုတ်ရင် သွေးထွက်လွန်ပြီး အသက်သေ
နိုင်တယ်လို့ဆရာဝန် ကြီးကပြောတယ် "
"သူအစ်ကိုလေးကို ပွေ့ပြီးဒီကိုခေါ်လာတာ
ကားနဲ့လာတယ်ထင်တာပဲ ကားကဘယ်မှာရပ်
ခဲ့တယ်မသိဘူး ကားတော့မတွေ့ဘူး...."
"အစ်ကိုလေးသူငယ်ချင်းလည်း ပထမတော့
သတိမေ့နေတာပဲ ဒါပေမယ့်သူက ဒဏ်ရာမများ
ဘူး ကျွန်တော်တို့ရောက်သွားတော့ သတိနည်း
နည်းရနေပြီ "
"အစ်ကိုလေးတို့ ကားတိုက်မှုဖြစ်တဲ့နေရာ
ကိုလည်းသူပဲပြောပြခဲ့တာ"
ည ၉ နာရီ ၁၅ တိတိပဲသူရောက်လာတာ
လူရှင်းနေလို့မှတ်မိတာ...
"ဟင်-----"
ကျွန်တော် အံ့ဩသွားသည် ကျွန်တော်
တို့ ကားတိုက်မှုဖြစ်သည့်အချိန်က အနည်းဆုံး
ကိုးနာရီ ၅ မိနစ်ရှိနေပြီဖြစ်သည်။ ထိုနေရာမှဤ
ဆေးရုံရောက်ရန် ကားနှင့်သွားလျှင်ပင် နာရီ
ဝက်ကျော်မောင်းရပေသည်။
ကျွန်တော် တစ်စုံတစ်ခုကို သတိရလိုက်မိ
သည်။
"ဒါ...ဒါနဲ့ညီလေး..အဲ့ဒီ့ကောင်မလေးက
ဘယ်ရောက်သွားလဲ သူဘယ်ကိုပြန်မယ်ပြော
သွားလည်း....."
"အဲ့တာတော့မသိဘူးဗျ အစ်ကို့ကို အောက်
စီဂျင်တွေ ဘာတွေပေးပြီး အလုပ်ရှုပ်နေတုန်းမှာ
သူပျောက်သွားတာပဲ ဘယ်ပြန်သွားမှန်း ဘယ်
သူမှ မသိလိုက်ဘူး......"
ဆေးရုံဝန်ထမ်းကောင်လေး ပြန်ထွက်သွား
တော့ ကျွန်တော် တစ်ယောက် တည်းအတွေး
နယ်ချဲ့နေမိသည်။ ရုတ်တရက် သူယောင်ဂမုန်း
ပင်လေးကို ပြန်၍ တောင့်တခြင်းဖြစ်မိ၏။
အမေ ကျွန်တော့်အတွက် သီးသန့် ဝယ်ပေး
ထားသော ခြံလေးတစ်ခြံ ကမာရွက်ဘက်တွင်
ရှိသည်။ ထိုခြံလေးမှာ ကျယ်ဝန်းပြီး သီးခြား
ဆန်သဖြင့် ထိုနေရာ၌ပင် သူယောင်ဂမုန်းပင်
လေးကိုပြောင်းရွှေ့စိုက်ကာ ကျွန်တော်တသက်
လုံး သိမ်းဆည်းထားတော့မည်ဟု တွေးနေ
မိသည်။ မမြင်နိုင်သောတွယ်တာမှုတစ်ခုက ကျွန်တော့် ရင်မှာအမြစ်တွယ်နေခဲ့ချေပြီဖြစ်
သည်။
+++++++++
နောက်တစ်နေ့မိုးလင်းသည် နှင့် ခေါင်းမှ
ဒဏ်ရာ မှာသိပ်မသက်သာသေးသော်လည်း
မင်္ဂလာ သုခကျောင်းတိုက်သို့ ကျွန်တော်အမြန်
ဆုံးသွားနေမိသည်။
ပြီးတော့ တတိယမြောက်စေတီလေး၏
အနောက်ဘက်သို့ဝင်၍ ကျွန်တော့်၏ ဂမုန်းပင်
လေးကိုရှာဖွေမိ၏။
ဟင်-----
ဂမုန်းပင်လေးက ကျွန်တော်စိုက်ခဲ့သည့်
နေရာတွင်မရှိပါတော့ချေ...
ဂမုန်း သူယောင်မယ်လေး၏ စကားကို
ကျွန်တော်ပြန်ကြားယောင်မိသည်။
"ကျွန်မတို့ သူယောင်ဂမုန်းတွေက မိုင်ဘယ်
လောက်ဝေးတဲ့ခရီးဖြစ်ဖြစ် ခဏချင်းမှာပဲ သွား
လာနိုင်တဲ့အစွမ်းရှိကြတယ်"
"တကယ်လို့သခင်စိတ်ပြောင်းပြီးသုံးလေး
ရက်အတွင်း လာမခေါ်တော့ဘူးဆိုရင် ကျွန်မ
လာခဲ့တဲ့ သက်ဆိုင်ရာတောအုပ်ကိုပြန်ရတော့
မှာပါ...."
"အဲ့ဒီ လိုဆိုရင် သခင် နဲ့ ကျွန်မ ဒီဘဝမှာရေ
စက်ကုန်သွားပါပြီ.... နောက် ဘယ်တော့..မှ.
ထပ်တွေ့ရတော့မှာမဟုတ်ဘူး....."
ကျွန်တော်..ဝမ်းနည်းနေမိသည်။ဂမုန်းပင်
လေးကစိုက်ခဲ့သောနေရာတွင်မရှိတော့ပါ။
ကျွန်တော့်၏ နှလုံးသား၌ အမျိုးအမည်
မသိသော ခံစားမှုတစ်ခုကို လှိုက်လှိုက်လှဲလှဲခံ
စားနေရသည်။
သူမ သက်ဆိုင်ရာတောအုပ်ကို တကယ်
ပဲပြန်သွားခဲ့ပြီလား.....
ဂမုန်းပင်လေးကို စိုက်ပျိုးခဲ့သော နေရာ
နှင့်မလှမ်းမကမ်း မှာတော့ ရွက်လှပင်မျိုးစုံတို့
ရှိနေချေ၏။ ထိုအထဲမှအပင်ပေါက်များအနက်၊
အစိမ်းပေါ် အနက်ပြောက်ရောင်အပင် ဆယ်ပင်
ဝန်းကျင်ခန့်ကိုတွေ့ရသဖြင့်ကျွန်တော် ပျော်
သွားမိသည်။
သူမသည် နေရာအနည်းငယ် ရွှေ့ပြောင်း
နေခြင်းလည်း ဖြစ်နိုင်သည်မဟုတ်ပါလား...
ထိုအပင်များကြားမှာ ကျွန်တော့်ရဲ့သူယောင်
ဂမုန်းပင်လေးများ ရှိလေမလားဟု မျှော်လင့်
ချက်ကြီးစွာ ရှာဖွေ နေမိသည်။ထိုစဉ်.....
"ခစ်--- ခစ်--- ဟင်း---ဟင်း---"
"ဟင်----- မိန်းကလေးရယ်သံ"
ဤနေရာတစ်ဝိုက်တွင် ကျွန်တော့်၏
သူယောင်ဂမုန်း ပင်လေးရှိနေပါသေးသည်။
သူမ ၏ရယ်သံကို ဤ တစ်ကြိမ်ကြားရ
ခြင်းသည် အရင်တစ်ခေါက်နှင့်မတူ ကျွန်တော့်
စိတ်ထဲ၌ အလွန် ဝမ်းမြောက်ပျော်ရွှင်မိတော့
သည်။
ဇာမဏီ

Comments

Popular posts from this blog

သရဲပေတိုး

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

စောရဦးခေါင်း