သူယောင်ဂမုန်း(ဒုတိယပိုင်း)

 " သူယောင်ဂမုန်း "(ဒုတိယပိုင်း)

+++++++++++

နောက်နေ့မနက် မိုးလင်းတော့ ရှိုင်းနေအိမ်
သို့သွားမည်စိတ်ကူးမိသဖြင့် အဝတ်အစားလဲ
လှယ်နေစဉ် ဂမုန်းပင်လေးကို လှမ်းကြည့်မိ
သည်။ စားပွဲပေါ်မှာကျွန်တော်ထား ထားသည့်
အတိုင်း ကျွန်တော့်ဘက်သို့မျက်နှာလှည့်ထား
သည်။
ကျွန်တော် ဂျင်းဘောင်းဘီအသစ် လဲရန်
ကြယ်သီးကိုဖြုတ်လိုက်သောအခါ မိန်းကလေး
တစ်ယောက်၏ အသံကိုကြားရပြန်သည်။
"အို-------"
အသံ ကခပ်တိုးတိုးသာဖြစ်၍ သဲကွဲစွာမ
ကြားလိုက်ရပါ။ ကျွန်တော်လည်း အဝတ်စား
လဲနေရင်း ဘယ်လိုကြောင့်မှန်းမသိ တစ်စုံတစ်
ယောက်က ကျွန်တော့်အား ကြည့်နေသလိုမလုံ
မလဲခံစားမှုမျိုး ဖြစ်လာသည်။
ဘာကြောင့်မှန်းတော့ မသိ ရှက်ရွံ့သလို
ခံစားမိ၍မိန်းမပျိုတစ်ယောက်နှင့်သဏ္ဍာန်တူလှ
သော သူယောင်ဂမုန်းပင် လေးကို ကျွန်တော်
နံရံဘက်သို့မျက်နှာ လှည့်ကာထားလိုက်မိသည်။
အောက်ထပ် ဆင်းလာတော့ ခြံစောင့်
ကျော်ဦးက ကျွန်တော့်အားတွေ့သည်နှင့်--
"အကိုလေး... ဇာမဏီ ဟို..ဟို..ညကလေ"
"ဘာဖြစ်လို့လဲဗျ - ညက"
"ကျွန်တော်ခြံ ထဲကမြင်လိုက်တာ ဝရံတာ
ပေါ်မှာ ကောင်မလေး တစ်ယောက်တွေ့လိုက်
သလိုပဲ...ပြီးတော့ မျက်စိရှေ့မှာပဲ ပျောက်သွား
တယ်...အဲဒါ..."
"ငါတော့မတွေ့ပါဘူး ကျော်ဦးရာ မင်း
အရက်မူးပြီး အမြင်မှားတာ ဖြစ်လိမ့်မယ်"
"မ မဟုတ်ဘူး ဗျ ညကကျွန်တော် နည်း
နည်းပဲ သောက်ထားတာ အဲ့လောက်မမူး ပါဘူး
တကယ် တွေ့လိုက်တာ---"
ကျွန်နော် ကျော်ဦးကို ခွန်းတုံ့မပြန်တော့
ပဲ ရှိုင်းနေ အိမ်ဘက်ထွက်လာခဲ့သည်။ ကျွန်
တော်လည်းမြင်ခဲ့သည်ဟုပြောလိုက်လို့ကတော့
အိမ်ကလူတွေအကုန်ကြောက်ကုန်ပေလိမ့်မည်။
ထားပါတော့ ဒီအပင်ကြောင့်ဆိုလျှင်တော့ ၄င်း
အပင်ကို စွန့်ပစ်ရုံသာရှိသည်။
+++++++++
ရှိုင်းနေအိမ်ရောက်တော့ ရှိုင်းနေကမရှိ
ဧည့်ခန်းထဲဝင်သွားတော့ မေရန်ငြိမ်းနှင့် ရှိုင်းနေ
၏ညီ သူရိယတို့ x box ဂိမ်းကစားနေကြသည်။
ငြင်းခုံသံများကဆူညံနေသည်။
"အော်.... ငြိမ်း နင်လည်းရောက်နေတာကိုး
ညီလေး ရှိုင်းနေကော---"
"အစ်ကိုကြီးလား လှည်းတန်းဘက် သွား
မယ် ပြောသွားတယ် သွားတာကြာပြီ---"
"အော်...အေး..အေး..ဒီကပဲစောင့်တော့
မယ်"
ရှိုင်းနေအိမ်ရောက်တော့ ကျယ်ပြန့် လှ
ပနေသော ရေကူးကန်ကိုတွေ့တော့ ရေကူးချင်
စိတ်ပေါက်လာသည်နှင့် ရှိုင်းနေ၏ ရေကူးဝတ်
စုံကိုပင်ဝတ်၍ ရေဆင်းကူးနေမိသည်။
ရုတ်တရက်ရေကူးနေစဉ်...ကျွန်တော့၏
ညာဘက် ခြေသလုံးမှာအောင့်ထိုး နာကျင်မှုကို
ခံစားလိုက်ရသည်။ ကျွန်တော် ကြွက်တက်နေ
သည်ကို သိသိချင်းပင် ရေကူးကန် လက်ရမ်း
နေရာ ရောက်အောင်ကြိုးစားသည်။ သို့သော်
ထင်သလောက်မလွယ် မည်သို့မျှရေကူး၍ မရ
နိုင်အောင် ခြေထောက်က နာကျင်နေသည်။
ကူးနေရင်းနှင့်ပင် ပို၍ နစ်မြုပ်လာသည်။ အ
သက်ရှု မရတော့သဖြင့် မျက်လုံးအမြင်တို့ ရီ
ဝေ ပြာနောက်လာသည်။ မွန်းကျပ် သည့်ဒဏ်
ကိုမခံစားနိုင်သည့်အဆုံး သတိမော့မျောမတတ်
ဖြစ်လာတော့သည်။
"ဗွမ်း--"ရေကူးကန်ထဲတစ်စုံတစ်ခုကျလာ
သောအသံ သဲ့သဲ့ကြားရသည်။ ထို့နောက် မိန်း
ကလေးတစ်ယောက် ကိုရေထဲတွင်တွေ့လိုက်ရ
ပြီး ကျွန်တော့်၏ ပခုံးနှင့်ခါးကို ဖက်ကိုင်ထား
လိုက်သည်ကိုသာ နောက်ဆုံးသိလိုက်ရသည်။
သူမ၏ ဆံပင်များက နက်မှောင်ထူထဲ လှသဖြင့်
ရေမှော်ပင်များလို လွင့်ပျံနေသဖြင့် သူမ၏မျက်
နှာကိုဖြင့်မမြင်တွေ့လိုက်ရပါ။ကျွန်တော် လည်း
လောကကြီးနှင့်ခဏတာအဆက်အသွယ်ပျက်
သွားခဲ့တော့သည်။
+++++++++
" ဟေ့ကောင် ဇာမဏီ သတိရပြီလား----
မျက်လုံးတော့ပွင့်လာပြီ--"
ရှိုင်းနေ၏ အသံကို ပထမဆုံးကြားလိုက်
ရသည်။ ကျွန်တော်ပြန်သတိရလာတော့ မေရန်
ငြိမ်းနှင့် သူရိယက ကျွန်တော့်အားစိုးရိမ်သော
မျက်လုံးတိုဖြင့်ကြည့်နေကြသည်။ ရှိုင်းနေ က
တော့ ကျွန်တော်သတိရလာစေရန် ကျွန်တော်
ရင်ဘက်ကို ဖိနှိပ်နေခြင်းဖြစ်သည်။
ကျွန်တော်သတိရရခြင်း ရေအန်ထုတ်လိုက်
ပြီး အသက်ကိုဝအောင်ရှုလိုက်သည်။
မေရန်ငြိမ်းကို ကျွန်တော်ပြုံးပြလိုက်ချေ
ပြီး ..
"ကျေးဇူးပဲ ငြိမ်းရာ နင်သာရောက်မလာရင်
ငါတော့မလွယ်ဘူး... ကျေးဇူးတင်တယ်"
မေရန်ငြိမ်းက ကျွန်တော့်စကားကို နားလည်
ပုံမပေါ်ဘဲ--
"ဘာလဲဟ ဘာကို ကျေးဇူးတင်တာလဲ "
"ငါ့ကို ကယ်လို့ကျေးဇူးတင်တယ်ပြောတာ"
"မဟုတ်ဘူး... ငါကအိမ်ထဲမှာ..နင့်ကိုရှိုင်း
နေအရင်တွေ့တာ"
ရှိုင်းနေက--
"ဟုတ်တယ် ဇာမဏီ ငါမင်းကိုတွေ့တော့
မင်းကကန်ဘောင်ပေါ်လဲနေတာ မင်းပုံစံကြည့်
ပြီးရေနစ်ထားတယ်ထင်လို့ မင်းကြွက်တက်
တာမဟုတ်လား"
ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီး.----
"ငါ့ကိုကောင်မလေးတစ်ယောက် လာကယ်
တာကွ ဒီ ခြံထဲမှာလောလောဆယ် မိန်းကလေး
ဆိုလို့ငြိမ်းပဲရှိတာကို--"
"ငြိမ်းကအခုမှထွက်လာတာကွ မင်းဘာသာ
ဘောင်ပေါ်ရောက်အောင်ကူးလာပြီး ရေမွန်းတဲ့
ဒဏ် နဲ့သတိမေ့သွားတာဖြစ်မှာပါ မင်းမြင်လိုက်
တဲ့ကောင်မလေးက မင်းသတိမေ့ခါနီး မွန်းကျပ်
နေတော့ အမြင်မှားတာဖြစ်လိမ့်မယ်---"
ကျွန်တော် သူတို့ပြောတော့လည်းဇဝေဇဝါ
ဖြစ်မိသည်။
ကျွန်တော် ကောင်မလေးတစ်ယောက်ကိုရေ
အောက်မှာတွေ့လိုက်ရတာ သေချာပါသည်။
+++++++++
နောက်တနေ့ ထိုင်နေကျ bakery မှာ သုံး
ယောက်သားဆုံတော့ ကျွန်တော်က -
"မင်းတို့နှစ်ယောက်ကို ငါပြောစရာရှိတယ်
ငါ့ဆီရောက်နေတဲ့ဂမုန်းပင်လေးက ထူးဆန်းမှု
တွေဖြစ်နေတယ်ကွ အဲ့ဒီဂမုန်းပင်လေးက လူ
ယောင်ဖန်ဆင်းနိုင်တယ်ထင်တယ် ဟိုနေ့က ငါ့
ကို ရေထဲကဆယ်တာလည်း သူပဲဖြစ်မယ်ထင်
တယ်"
ကျွန်တော့်စကားလည်းဆုံးရော ရှိုင်းနေ
နှင့်မေရန်ငြိမ်း တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကာ ရယ်ကြလေတော့သည်။
"ဟား.....ဟား.....တော်စမ်းပါကွာ မင်း...
ပေါက်ကရ ပုံပြင်တွေ ပြောတတ်တဲ့အကျင့်
က အခုထိမပျောက်သေးဘူး--"
မေရန်ငြိမ်းလည်း ကျွန်တော်စနေသည်ဟု
သာထင်နေပုံရသည်။
"အေးလေဟာ----ဖောက်ချင်ရင်လည်းယု
တ္တိရှိတဲ့ ပုံပြင်လေးလုပ်စမ်းပါဟာ နင်ကလည်း."
သူတို့နှစ်ယောက်ကို ကျွန်တော်ဆက်ရှင်း
ပြချင်စိတ်မရှိတော့ပါ။
+++++++++
အိမ်ပြန်ရောက်လာတော့ မိုးတောင်ချုပ်
နေပြီ ဖြစ်၍ အိပ်တော့မည်စိတ်ကူး၍ အိပ်ခန်း
ထဲသာတန်းဝင်ခဲ့သည်။
ကျွန်တော့်အခန်းထဲမှ စားပွဲခုံလေးပေါ်မှာ
တော့ သူယောင်ဂမုန်းဟုခေါ်သောအပင်လေးက
ကျွန်တော်ထားခဲ့သည့်နေရာမှ ာ အရင်အတိုင်းပဲ
ရှိနေသည်။ ကျွန်တော်လည်းစိတ်ကူးပေါက်လာ
သည်နှင့် ဂမုန်းပင်လေးကို ကောက်ကိုင်လိုက်ပြီး
" မနေ့က ငါ့ကို ရေထဲကဆယ်ပေးတာမင်း
လား ဒါဆိုရင်တော့ကျေးဇူးတင်တယ် "
"ကဲ--အာ--မွ"
"အို့ -------သခင်--- "
ကျွန်တော် ဂမုန်းပင်လေးကိုအမှတ်မထင်
နမ်းလိုက်မိသည်။ရုတ်တရက် မိန်းကလေးသံ
တစ်သံကို ဝိုးတဝါးကြားလိုက်ရပြီး ကျွန်တော့်
မျက်နှာကို နူးညံ့သောအရာတစ်ခုက တွန်းကန်
ထားသလို ခံစားလိုက်ရသည်။
အစက ယုံကြည်မှု သိပ်မရှိခဲ့သော်လည်း
ယခုတော့ ဤအပင်လေးသည် ဂမ္ဘီရဆန်သော
အပင်တစ်မျိုးဖြစ်သည်ကို ကျွန်တော် မဖြစ်မနေ
လက်ခံရတော့မည်။
+++++++++
ထိုအဖြစ်အပျက်များဖြစ်ပြီး နောက်ထပ်
သုံးလေးရက်လောက်ကြာသည် အထိ ထူးခြား
သောဖြစ်စဉ် မရှိခဲ့ပါ။
"သခင်--- သခင်--- ထပါဦး "
ကျွန်တော် အိပ်ချင်မူးတူးဖြင့် အယာင်ယောင်
ပမှားမှား နိုးလာသည်။ အချိန်က မနက် သုံးနာ
ရီ ဝန်းကျင်လောက်ဖြစ်သည်။
"အိမ်အောက်ထပ်ကိုသွားပါ"
ဟင်---
သုံး လေးရက်လောက်မကြားရသော အ
သံ ယခုကြားရပြန်သည်။ မိန်းကလေး တစ်
ယောက်၏ အသံ အိမ်အောက်ထပ်ကိုသွားပါ
ဆိုပါလား---
လာပဲဖြစ်ဖြစ်ဆင်းကြည့်လိုက်ဦးမည်ဟု
တွေးပြီး အောက်ထပ်ဆင်းလာခဲ့သည်။
မီးဖိုခန်းဘက်မှ မီးခိုးများအူထွက်နေ
သည်။ကျွန်တော် အမြန်ဝင်ကြည့်လိုက်သည်-
မီးဖိုခန်း နံရံ မှ မီးပလပ်ခုံမှာအပူချိန်လွန်ကဲ
ပြီး ပလပ်ပေါက်များ အရည်ပျော်ကျနေသည်။
ဝါယာများလည်းပူးကာရှော့ဖြစ်နေပြီး ထိုနေရာ
တစ်ဝိုက်မှာ မီးလောင်နေချေသည်။ မီးညွန့်က
အတော်ပင်အရှိန်ရနေပြီး အဖြူရောင်နံရံများ
ပင် ညိုမည်းနေလေသည်။မျက်နှာကြက် သို့ပင်
မီးညွန့် တက်စပြုနေပြီဖြစ်သည်။
မထင်မှတ်ထားသော မြင်ကွင်းကြောင့် ကျွန်
တော် အလွန်ထိပ်လန့်သွားသည်။ ကျွန်တော်
လည်း မီးဖိုခန်းသုံးမိန်းကို အမြန်ချလိုက်ပြီး
နံရံတွင် အသင့်ချိတ်ထားသော လက်ဆွဲ
မီးသတ်ဆေးဗူးကို အမြန်ဖြုတ်ယူလိုက်ပြီး မီး
လောင်နေသောနေရာများသို့ အမြန်ဆုံးဖျန်းချ
လိုက်တော့သည်။
" ဟူး------- "
မီးငြိမ်းသွား မှ သက်ပြင်းချနိုင်တော့
သည်။
"အစ်ကိုလေး အစ်ကိုလေး ဘာဖြစ်တာ
လဲ---"
အိမ်ဖော် မိလုံးနှင့် ကျော်ဦးတို့လင်မယား
လည်း အခုမှနိုးလာကာ သူတို့အခန်းမှပြေးထွက်
လာကြတော့သည်။
မိလုံး၏ ပေါ့ဆမှုပင် လျှပ်စစ် ဒယ်အိုးနှင့်
ဟင်းနွှေးထားပြီး မီး ၁၀ မိနစ်ခန့်ပျက်သွားသော
အခါ ဒယ်အိုးကို ခလုတ်မပိတ်မိဘဲ မေ့သွား
သည်ဟုဆိုသည်။ မီးပြန်လာသောအခါ အပူလွန်
ကဲရှော့ဖြစ်ကာ မီးလောင်ခြင်းဖြစ်သည်။
ကျွန်တော်လည်း အိမ်ပေါ်ထပ်မှ ကျွန်တော့်
အခန်းသို့ပြန်၍ တက်လာခဲ့သည်။ ဧည့်ခန်းထဲ
မှာတော့ အိမ်ဖော်မိလုံးကို အမေက ဆူပူနေဆဲ
ပင်ဖြစ်သည်။
ဇာမဏီ
အပိုင်း(၃)ဇာတ်သိမ်းပိုင်း ဆက်လက်ဖတ်ရှုပါရန်

Comments

Popular posts from this blog

သရဲပေတိုး

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

စောရဦးခေါင်း